Wednesday, May 1, 2013

Yangon university

I've been away on a trip to Myanmar, and no posts lately. So here it is. Meet Yangon. 

 ဘယ်တုန်းကမှမပတ်သက်လိုက်ရတဲ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Center)

သစ်ပုပ်ပင်ကတော့ wide enough lens ပါမလာလို့ တပိုင်းပဲရလိုက်တယ်။ တကယ် ကြိုးကြိုးစားစားမရိုက်လိုက်တာလည်းပါတာပေါ့။  ဘွဲ့နှင်းသဘင်ပုံတော့တင်ပြီး သစ်ပုပ်ပင်မပါရင် မကောင်းလို့ မကောင်းတဲ့ပုံကိုပဲ တင်လိုက်တယ်။


နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့စွယ်တော်ရွက်တဲ့ ။ တက္ကသိုလ်ကလူတွေက စိတ်ကူးယဉ်တတ်လိုက်ကြတာ။ 

သီချင်းတွေထဲမှာပဲရင်းနှီးခဲ့တဲ့ ဂျပ်ဆင်။
ပြည်လမ်းဘက်က မြင်ရတာ။ (တက္ကသိုလ်ရိပ်သာလမ်းဘက်ကမဟုတ်)    


တက္ကသိုလ်ဝင်းထဲ လျှောက်ကြည့်ရင်း သူများတွေလို  "အရင်ကျောင်းတုန်းကပေါ့ ဒီနေရာမှာ" အစချီပြီး ပြောစရာမရှိတော့  ကိုယ့်ကိုယ်ကိုတောင် ပြန်သနားသွားတယ်။ 

မှတ်မှတ်ရရအရွယ်မှာ မရောက်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကို  ဓာတ်ပုံရိုက်ဖို့ လိုက်ပို့ပေးတဲ့သူငယ်ချင်းကို ကျေးဇူးအထူးတင်ပါတယ်။ 


No comments:

Post a Comment